အိမ်ရှင်မများအတွက်🤩
အထည်လေးတွေရောင်းတာဆိုတော့ 🥺 တစ်ခါတစ်လေ ဗဟုသုတလေး ရစေချင်လို့ အိမ်ရှင်မများ တစ်ခါတစ်လေ ကိုရီးယားကား ကောင်းသွားတဲ့ အခါမျိုး🤪 အိမ်ကယောက်ျားကို အမျက်တော်ရှ နေတဲ့အချိန်မျိုးဆို မီးပူတိုက်တဲ့ အခါ အခုလို ကျွမ်းတတ်ပါတယ်😗 အထည်ကတော့ ကောင်းတော့မှာ မဟုတ်ပေမယ့် မီးပူလေးကတော့ကောင်းသေးတယ်လေ😅 ဒါကြောင့်မို့ ကပ်နေတဲ့ အထည် က အညစ်ကြေးတွေ😟 စတစ်ကာက ဆေးတွေ မီးပူသုံးတာ ကြာလို့ဖြစ်တဲ့ အညိုရောင်မီးပူဂျေးတွေ ကို 🤓 လွယ်လွယ်ကူကူ ချွတ်တဲ့နည်း ပြောပြပေးပါမယ်နော်👆 (၁ )စတီးဘတ်နဲ့ မတိုက်ပါနဲ့နော်❌ (၂)ကျောက်စက်နဲ့ မပွတ်ရပါ❌ (၃)ဓားတွေနဲ့ မခြစ်ထုတ်ရ❌ အပေါ်ကလို လုပ်လိုက်ရင် မီးပူရဲ့ coatingလုပ်ထားတဲ့ နီကယ်တွေ ပါးလာပီးသံချေးတကိနိုင်ပါတယ်🧐 လိုအပ်တာကတော့🤍 (၁) မီးလာဖို့ လိုပါမယ်(အမြဲပြတ်နေလို့)😌 (၂) အိမ်သုံးဆား (၃)စာရွက်ထူထူ သန့်ရှင်းပုံက လွယ်ပါတယ်😎 မီးပူကို ပူနေအောင်အရင်ဖွင့် ပြီးရင် စက္ကူပေါ် ဆားတွေပုံ (ဖြန့်ခင်းခိုင်းတာ) ပီးတာနဲ့ အပေါ်ကနေမီးပူနဲ့ နာနာလေး ဖိတိုက် (ယောကျာ်းကို မကျေနပ်နတဲ့ ဒေါသလေးနည်းနည်းထည့်တိုက်ပိုပြောင်တယ်💪) ဆားတွေအရည်ပျော်လာပီး အသစ်စက်စက် မီးပူလေးကို ပြန်ရနိုင်ပါပီ...